Monday, November 14, 2022

正社員(permanent employee)နဲ့ 派遣社員(dispatched employees)



 ဒီတခါက work visaသမားတွေကြားတဲ့မှာ ရှိတက်တဲ့ employment categories နှစ်ခု နဲ့ပတ်သတ်ပီး မျှဝေချင်တယ်။ကျမက 派遣社員ကော正社員ဖြစ်ခဲ့သူမို့ ကိုယ်ရဲ့ အတွေ့အကြုံတွေကိုအားလုံးနဲ့အတူမျှဝေချင်လို့ပါ။အောက်မှာလည်းကိုယ်ပိုင်အတွေ့အကြုံတွေ ရေးပေးကျနော်။

တကယ်က employment patterns က အဲ့နှစ်ခုထက်ပိုပါတယ်။ဒါပေမယ့် common ဖြစ်တဲ့ဟာလေးတွေကိုပဲမျှဝေပါမယ်။ကိုယ်ရဲ့အတွေ့အကြုံရယ်၊ဖတ်ထားတဲ့ စာတချို့ကို reference ယူထားတယ်။original resources တွေလည်းအောက်မှာထည့်ပေးထားတာမို့ ကွကိုယ်ဖတ်လည်းရတယ်။မပြည်စုံတဲ့စာပေမယ် ဂျပန်ကိုwork visaနဲ့ လာမယ့်သူတွေအတွက်လည်းရည်ရွယ်ပါတယ်)

正社員(ဆဲရှအင်း)

သူက ကိုယ်အခုလုပ်နေတဲ့ company က အချိန်ပြည့်ဝန်ထမ်းအဖြစ်သတ်မှတ်လိုက်တာ။ဒီမှာတော့ အာ့လို့ သတ်မှတ်လိုက်ရင် အကျိုးခံစားခွင်တချို့ကိုရရှိမယ်။ဉပမာ-

Merit 

bonus(ボーナス)

Bonus pay ကတနှစ်ကို အနည်းဆုံးနှစ်ကြိမ်စရှိတယ်။ပမာဏက တစ်ခုနဲ့တစ်ခုမတူပေမယ် နှစ်လစာကနေငါးလစာ(ကျော်တာတွေလည်းရှိမယ်)ရနိုင်တယ်

Stable work environment 

Contract မဟုတ်တဲ့အတွက် တည်ငြိမ်တဲ့ အလုပ်အကိုင်အနေအထားတစ်ခုရှိမယ်။ကိုယ်က တရားဉပဒေနဲ့ ငြိစွန်းတဲ့အမှားတစ်စုံတစ်ရာမရှိသရွေ့ဒီအလုပ်ကနေဖြုတ်မရပါဘူး။

Salary payment 

派遣ထက်များနိုင်တယ်။အတိအကျကိုတော့ 賃金構造基本統計調査結果の概要(summary of basic wages survey)ကိုကြည့်နိုင်ပါတယ်။ https://www.mhlw.go.jp/toukei/itiran/roudou/chingin/kouzou/z2020/dl/06.pdf

自己評価 がいい

full time employee က impression အားဖြင့်ပိုကောင်းတာ ငြင်းမရဘူး။သူက ローンလျှောက်ရင်ကျဖို့ လွယ်တယ်။company က ကိုယ်တင်မကပဲ မိသားစုအထိစောင့်လျောက်ပေးတာတွေလည်းရှိတယ်။


Demerit 

正社員က yearly paid များတယ်ဆိုပေမယ့် 派遣ထက်hourly paidနည်းပါတယ်။တချို့ရုံးတွေဆို overtime ချိန်ကိုသတ်မှတ်ထားမျိုး၊ရုံးဆင်းချိန် ကနေ တနာရီ-နာရီဝက်အထိကို overtime ကြေးထုတ်မပေးတာမျိုးရှိတယ်။

အလုပ်က အထက်ကချပေးတဲ့ဟာကိုဖီသွေလို့မရပါဘူး။တိုကျိုရုံးခွဲကနေ ကိုယ်ကို ရုတ်တရက်ကြီး အဝေးတနေရာကို ပို့တာမျိုး၊ကိုယ့်ရဲ့ 専門နဲ့မကိုက်တဲ့ အလုပ်မျိုးလုပ်ခိုင်းတာ၊department ရွှေ့ခံရတာတွေရှိတဲ့အခါတွေလည်းရှိမယ်။

တချိုကျတော့ 正社員ဖြစ်ပီး ကိုယ်နဲ့ အထက်လူကြီးနဲ့သိပ်အဆင်မပြေရင် တော်တော်ကြီး စိတ်ဒုက္ခရောက်ရတက်တယ်။ဆူးကြီးနှုတ်မရသလိုမျိူး။

More responsible 

အလုပ်နဲ့ပတ်သတ်ပီး ပိုခေါင်းခံရမယ်။အထက်လူကြီးသတ်မှတ်ထားတဲ့ကာလအတွင်းအလုပ်မပီးရင်ပိုထောင်းခံရမယ်။

派遣သမားအတွက် သူရဲ့ dispatch companyက လစဉ် သိုမဟုတ် ခြောက်လတစ်ခါ 面談ရှိတက်ပီး ကိုယ်နဲ့ အဆင်မပြေတာတွေအတွက် ညှိုနှုင်းပေးတာတွေရှိတယ်(တရုံးနဲ့တရုံးမတူပါ)正社員အတွက်က အာ့လို့ ရှိတာလည်းရှိပီး မရှိတာလည်းရှိတယ်။

派遣ကဒုတိယပိုင်းအနေနဲ့ရေးမယ်နော်

Reference 


https://www.jaic-college.jp/useful/u-72279/


https://jp.indeed.com/career-advice/career-development/merit-and-demerit-which-become-regular-member-from-temporary-worker


#Nakama

#正社員派遣社員





No comments:

Post a Comment

#TodayJapan

  ဂျပန်ကုမ္ပဏီရဲ့ 50.1% ဟာ လုပ်သားအင်အားမလုံလောက်မှုကိုကြုံတွေနေရ သက်ကြီးပိုင်းလူဦးရေ တိုးပွါးလာမှုနှင့် corona pandemic တို့၏အကျိူးသက်ရောက်...