ဒုတိယပိုင်းလေးဆက်ရေးပါမယ်။派遣社員
တွေနဲ့ပတ်သတ်တာလေးပါ။အမဒီတခါတော့ စာကို အဆုံးအထိဖတ်စေချင်ပါတယ်။ဟခန်းရှအင်းဆိုတာ ကုမ္ပဏီတစ်ခုက ကြားခံပီး အခြားကုမ္ပဏီကို အဌားဝန်ထမ်းအဖြစ်စေလွတ်တဲ့သဘောပါ။ကိုယ့်ကို တာဝန်ခံထားတဲ့ 派遣会社(A)ကနေ တခြားcompany (B) ကိုကာလအပိုင်းအခြားတစ်ခုအထိ အလုပ်သွားလုပ်စေတာပါ။လစာကိုတော့ 派遣会社ကပဲထုတ်ပေးပါတယ်။
派遣社員
မြန်မာက အင်ဂျင်နီယာတွေကို ဂျပန်ကိုခေါ်ကြတဲ့အခါ 派遣社員အရေအတွက်က 正社員ထက်များပါတယ်။တချို့တွေကတော့ 派遣社員အဖြစ်နှစ်နှစ်သုံးနှစ်နေပီးမှ 正社員ဖြစ်သွားကျတယ်။အဲ့တော့ 派遣အနေနဲ့ပြောရရင်
Demerits (ဒီတခါပြောင်းပြန်ရေးမယ်)
၁။ ဘောနပ်စ်မရပါဘူး။
၂။ကုမ္ပဏီတစ်ခုမှ သုံးနှစ်ထက်ပို၍ 派遣လုပ်မရပါဘူး။(သို့သော် တချို့ case တွေမှာလည်းဆက်လုပ်နေကျတာရှိပါတယ်)။
၃။စာချုပ်သက်တမ်းနဲ့ အခုလုပ်လုပ်ကိုင်ရပါတယ်။အကယ်၍ ကိုယ်အလုပ်လုပ်တဲ့နေရာက ကိုယ့်ကို သဘောမကျရင် စာချုပ်သက်တမ်းအတွင်းပဲ ရပ်နားခံရတာမျိုးလည်းရှိတက်တယ်။
၄။တချို့ကိစ္စလေးတွေမှာ 正社員လောက်အခွင့်အရေးမရတက်တာလေးတွေရှိတယ်။
၅။ローンလျောက်လို့ရနိုင်ပေမယ့် 年給(တနှစ်တာဝင်ငွေ)များများပြနိုင်ဖို့လိုပါတယ်။
၆။လစာက ဆဲရှအင်းထက် နည်းနည်းနည်းပါတယ်။(ဂျပန်မှာ လုပ်သက်၊skill ၊company ကြီးမကြီး အပေါ်မူတည်ပီး လစာကိုဆုံးဖြတ်ပါတယ်။正社員မို့ များတယ် 派遣မို့ နည်းတယ်တယ်ဆို ပီး စိတ်ပျက်နေကြတဲ့သူတွေ ကို အမသေချာတွက်ပြမယ်)
ဉပမာ-လုပ်သက်သုံးနှစ်ရှိတဲ့ညမလေးတစ်ယောက်ဟာ ဟခန်းကနေ ဆဲရှအင် စပြောင်းပါတယ်တနှစ်တာဝင်ငွေဟာ ၃၆၀ (ဘောနပ်စ် လေးလစာအပါ။တနှစ်မှာ စုစုပေါင်း ၁၆လစာ)ဆိုပါစို့ တလဝင်ငွေဟာ အိမ်လခထည့်ပီး ၂၃ သောင်းပါ။(အခြေခံကလစာ ၁၉ခွဲ +အိမ်လခတဝက်စာ)။
နောက်တယောက်က ဟန်ခန်းရှအင်း။သူရဲ့ တနှစ်တာဝင်ငွေက ၃၁၅ ဆိုပါစို့။သုံးနှစ်လောက်ဆို ၂၆ သောင်းခွဲလောက်ရတက်ပါတယ်(တချို့က language နဲ့ performance မကောင်းရင် ၂၄~၂၅ ဖြစ်နေတက်တယ်)။အိမ်လစာတဝက် -၃သောင်းက လစာထဲကော 年給ထဲကော ထည့်မတွက်ပါ။အဲ့တော့ သူရဲ့ပျမ်းမျှ တလစာဟာ ၂၉သောင်းခွဲပါ။အဲ့တော့ ၂၉ခွဲနဲ့ ၁၂နဲ့မြှောက်
တကယ်တမ်း တနှစ်ဝင်ငွေ ၃၅၄ပေါ့ ။正社員ထက်ခြောက်သောင်းလောက်နည်းပါတယ်။အဲ့တော့ အရာရာကိုယ်နဲ့ပဲဆိုင်ပါတယ်။
Merit
၁။တချို့ မြန်မာအင်ဂျင်နီယာတွေကို 派遣会社ကရဲ့ 正社員အဖြစ်သတ်မှတ်ထားပါတယ်။
၂။ကိုယ်ကို မကြိုက်လို့ ဖြုတ်လိုက်လည်း 派遣会社က အလုပ်လပ်နေတဲ့ကာလအတွင်း လစာပေးထားပါတယ်။
၃။ကိုယ်နဲ့ မကိုက်တဲ့ အလုပ်ဆို မလုပ်လည်းရပါတယ်။
၄။ပြဿနာတစ်စုံတစ်ရာဖြစ်ခဲ့ရင် 派遣会社က တာဝန်ယူဖြေရှင်းပေးရပါမယ်(မဖြေရှင်းပေးရင် သက်ခိုင်ရာ ခုမိအိုင်အိတွေကို တိုင်ကြားကြပါ။)
၅။overtime ကန်သတ်ထားတာမျိုးမရှိပါ။ကိုယ်အလုပ်ချိန်ကနေ ၁၅မိနစ်ကျော်တာနဲ့ ပိုက်ဆံရပါတယ်။
၆။ အမတော့ စစချင်း 派遣လုပ်ပီး မှ 正社員သွားချင်တယ်။ကိုယ်ဟာ ဒီအလုပ်နဲ့ ကိုက်မကိုက်၊အလုပ်ပတ်ဝန်းကျင်ဟာကိုယ်နဲ့ ကိုက်မကိုက်၊တွေကို အတိုင်းအတာတခု အထိလေ့လာစေချင်တယ်။ချက်ချင်းကြီး 社員လုပ်လို့ ကိုယ်က အလုပ်အဆင်မပြေရင် ထွက်ရမှာလည်းနှမြောဖို့ကောင်း၊အဆင်မပြေတာ ကြီး ကလည်း ကိုယ်ကိုstress ပိုလာစေမယ်။
အမနောက်ဆုံးပြောချင်တာက ဘာပဲ့ဖြစ်ဖြစ်ယုံကြည့်ချက်ရှိပါ။ကိုယ်လျှောက်မဲ့လမ်းအတိုင်းတည့်တည့်လျောက်ရင်းပညာလေးတွေလည်း ဖြည့်ကြပါလို့လေ။အကုန်လုံးအဆင်ပြေကြပါစေ။
#Nakama
#正社員派遣社員
No comments:
Post a Comment